FA-031. Untethered Jailbreak နှင့် Tethered Jailbreak ကွာခြားချက်
Untethered Jailbreak ဆိုတာ
( Tethered Jailbreak ) ထက် ပိုမိုပြည့်စုံတဲ့
jailbreak အမျိုးအစားဖြစ်ပါတယ် ။ Untethered မှာ ပထမဆုံးအကြိမ် jailbreaking
process ပြုလုပ်ပြီးနောက် Computer နဲ့ထပ်မံ ချိတ်ဆက်ရန်မလိုတော့ပါ ( for reboot )
စက်အဖွင့်အပိတ် ကြိုက်သလိုလုပ်နိုင်ပါတယ် ။ Tethered jailbreak မှာကျ computer (
with connection ) နဲ့ပြန် reboot လုပ်နေရပါတယ် ။
Untethered မှာ patch Kernel ရှိပြီး
Tethered မှာ patch Kernel အပြည့်အဝမရှိတဲ့အတွက်တဝက်တပျက်မှာတင်ရပ်ရပ်သွားခြင်း ဖြစ်ပါတယ်
။ Kernel ဆိုတာ OS မှာ တံတားနဲ့တူပါတယ် App တွေနဲ့ CPU,Memory တွေကိုပေါင်းကူးပေးတာပါ
။ အဲဒါမရတဲ့အတွက် စက်ကရပ်ပြီး ပြန် reboot ပြန်လုပ်ရတာပါ ။
Comments
Post a Comment