FC-028. Autorun ဆိုတာ ဘာလဲ
Autorun ဆိုတာကတော့ လွယ်လွယ်ပြောရရင်
Program တစ်ခုကို အလိုအလျောက် လုပ်ဆောင်နိုင်ရန် ရေးထားသော ဖိုင်တစ်ခုဖြစ်ပါတယ်။ဥပမာ
A.exe ဆိုသော Program ကို USB သို့မဟုတ် CD/DVD တို့မှ ကွန်ပျူ တာသို့ချိတ်ဆက်လိုက်သောအခါ
၎င်း Device များထဲမှ အသက်ဝင်စေချင်သော ဖိုင်များကို အကြမ်းဖျဉ်း ‘Open=A.exe” ဆိုပီး
ရေးသည့်အတွက်ကြောင့် ကွန်ပျူတာမှ Autorun Services ဖွင့်ထားသည့်အခါ အလိုအလျှောက်လုပ်ဆောင်နိုင်ပါတယ်။အဲဒီ
Autorun ဖိုင်တွေထဲမှာမှ
[autorun]
icon=H41.ico
label=H4RR15
open=A.exe
action=Click ok to run ptach update for windows
shell\open\command=A.exe
[OR]
shell=start shell\start\command=path/A.exe
shell\start=Run Application
shell\read\command=notepad.exe files/readme.txt
shell\read=open readme.txt
စဖြင့် Shell command များဖြင့်တွဲရေးထားတာမျိုးတွေလည်းရှိပါတယ်။ဒီတော့
ဆိုလိုချင်တာက မည်သည့် Viurs မဆို သူတစ်ဦးတည်းတစ်ယောက်တည်း (ဗိုင်းရပ်စ) က ဘယ်လိုမှ
မလုပ်ဆောင်နိုင်ပါဘူး…သူ့ကို (ဗိုင်းရပ်စ်) အသက်ဝင်ဖို့အတွက် ၄င်းဗိုင်းရပ်စ်ဖိုင်နဲ့၎င်း
Autorun File နှစ်ခုကို တစ်တွဲတည်းထားမှ (ကွန်ပျူ တာအတွင်း Autoplay Policy မှာလည်း
Autorun Serivces ပွင့်နေရမှာဖြစ်ပါတယ်။) USB/CD-DVD Devices များမှတဆင့် ကွန်ပျူတာကို
ချိတ်ဆက်လိုက်သောအခါမှာအလိုအလျောက်လုပ်ဆောင်မှာဖြစ်ပါတယ်။အဆုံးသတ်ဆိုလိုရင်းကိုပြောရသော်ကွန်ပျူတာအသုံးပြုသူတိုင်း
မိမိကွန်ပျူတာမှာ Group Policy Editor ထဲမှAutorun Services ကိုပိတ်ထားသင့်ပါတယ်။ ဒါမှလည်း
သင့်စက်ထဲကို သင်ကိုယ်တိုင်က ဗိုင်းရပ်ကို Double Click မနှိပ်မချင်း သင့်စက်ထဲသို့ဗိုင်းရပ်ဝင်နိုင်ဖို့အခြေအနေက
၂၅% နှုန်းလောက်သာရှိပါမယ်။
Comments
Post a Comment