FA-004. Android နှင့်ပက်သက်သည့်Root လုပ်ရာမှာ ခေါ်သည့် အခေါ်အဝေါ်များ
Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့အခေါ်အဝေါ် တစ်ခုချင်းစီကို ဖော်ပြပေးမှာ
ဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ ရတဲ့အပြင် Android လောကမှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်
တွေကို သာမန် Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ ခက်ခဲပါတယ်။
ဒါကြောင့် အခုလိုတစ်စုတစ်စည်းထဲ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲ
1. ADB
ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင်
ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို
ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software
Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။
ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android
Device တွေကိုRoot လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။
2. AOSP
Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM (Read
Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP ဟာ များသောအားဖြင့် Android
Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့ ဘယ် Android Source Code
ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။
3. Bootloader
Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device တွေမှာသုံးတဲ့ lowest
level software တစ်ခုဖြစ်ပြီး Android Operating System စတင်ဖို့အတွက်
လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ များသောအားဖြင့် ထုတ်လုပ်သူတွေဟာBootloader ကို lock ပြုလုပ်ထားပါတယ်။ ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root
လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက ထုတ်လုပ်သူတွေဟာ
သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။
4. Bootloop
Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို Root
လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ သူပြောထားတဲ့
အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင် Android OS ဟာ restart
ချလိုက်တာနဲ့ Start Up Logo မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး ။ ဒါကို Bootloop
ဖြစ်တယ်လို့ခေါ်ပါတယ်။
5. BusyBox
BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools များစွာကို
အသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို
ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands
တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။
6. Dalvik cache
Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder) တစ်ခုဖြစ်ပြီး ကိုယ့်
device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file တွေအားလုံးကိုသိမ်းထားပေးတဲ့
နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့
သူတို့ပါလိုက်ပြီး update ဖြစ်ပါတယ်။
7. Flashing or Flash
Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install
လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ်Kernel ပဲဖြစ်ဖြစ်install
လုပ်လို့ရတဲ့မည်သည့်.zip file ကိုမဆို install လုပ်ခြင်းကိုflash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။
8. Fastboot
Fastboot ဆိုတာကတော့boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ Recover Mode
နဲ့အခြား Download Mode တွေကိုဒီboot menu ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့Android Boot
Menu တစ်ခုဖြစ်ပါတယ်။
9. Firmware
Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့များသောအားဖြင့် Operating System
ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း OS ကို Update
ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
10. IMEI
International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number တစ်ခုဖြစ်ပြီး
GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite device တွေမှာသုံးတဲ့unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device တွေရဲ့ settings
ထဲမှာကြည့်ရှုနိုင်ပါတယ်။
11. Kernel
Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့ Software (
ဒီနေရာမှာတော့ App ) ကြားဆက်သွယ်ပေးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
12. Opensource
Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ opensource
လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့
ရပြီးအများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။
13. Recovery
Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal Storage
အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM ထည့်သွင်းခြင်း system-level
လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။
14. ROM
Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး
အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs တွေကတော့ CyanogenMod,
Android Open Kang Project (AOKP) နဲ့ MIUI တို့ပဲဖြစ်ပါတယ်။
15. ROM Manager
ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root လုပ်ပြီးမှအသုံးပြုနိုင်မယ့်
app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom
ROM ထည့်သွင်းခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager
ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။
16. Root
Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full Access
ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။
17. Superuser
Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး root
account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device ကိုလိုသလို
စီမံခန့်ခွဲလို့ရပါတယ်။
18. Wipe
Wipe လုပ်တယ်ဆိုတာကတော့Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။

ထင်ပါတယ်ခင်ဗျာ ။

Comments
Post a Comment