FA-019. Mobile Phone တွေဘယ်တုန်းကစတင်ပေါ်လာတာလဲ



ကျနော်တို့ ယနေ့အဆင်ပြေစွာ အသုံးပြုနေကြတဲ့ ဒီမိုဘိုင်းဖုန်း၊ စမတ်ဖုန်းတွေဟာ ဗြုန်းကနဲ့ တန်းပြီးကနေ့တွေ့နေရတဲ့ Touch ဖုန်း(ခလုတ်မပါတဲ့) ဖုန်းတွေလို တန်းဖြစ်လာခဲ့တာ မဟုတ်ပါဘူး။

အရင်တုန်းကခလုတ်ပါ ဆယ်လူလာဖုန်းတွေကို ဘဘောင်္၊ရထားတွေမှာ ရေဒီယိုဆက်သွယ်ရေး အတွက်လောက်ပဲ သုံးကြတာဖြစ်ပါတယ်။ ဒီလိုသယ်ဆောင်ရလွယ်ကူတဲ့ ဆယ်လူလာဖုန်း တွေကလည်း ဒုတိယကမ္ဘာစစ်ပြီး လောက်ကပဲစပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် က '0G' systems လို့ခေါ်တဲ့ ရိုးရိုးအိမ်ဖုန်းတွေ ကတော့ပေါ်နေပါပြီ။ ဒါပေမဲ့သူက ခေါ်ဆိုမူဈေးကြီးပြီး အနည်းငယ်သာခေါ်ဆိုမူပြုနိင်ပါတယ်။

၁၉၇၃ လောက်မှာ သယ်ဆောင်ရလွယ်ကူတဲ့ ပထမဆုံး မိုဘိုင်းဆဲလ်ဖုန်းတွေကိုအမေရိကန် မာတီးနေရှင် တယ်လီကော်ပိုရေရှင်းတစ်ခုဖြစ်တဲ့
Motorola က စတင်ကာထင်ရှားစေခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး ဖုန်းခေါ်ဆိုမူ ဆယ်လူလာနက်ဝတ် ကိုတော့ ၁၉၇၉ ခန့်မှာ ဂျပန်နိင်ငံမှာရှိတဲ့ NTT ကုမ္ပဏီက ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ တော့ ဖင်လန်၊နော်ဝေး၊ ဆွီဒင်စတဲ့ အခြားနိင်ငံတွေမှာ ရှိတဲ့ ကုမ္ပဏီတွေကလည်း မိုဘိုင်းနက်ဝတ်တွေ တည်ထောင်လာကြပြီး ၁၉၈၀ လောက်မှာတော့ အခြားနိင်ငံတွေမှာ ပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ဒီတော့ ပထမဦးဆုံး မိုဘိုင်းနက်ဝပ် တည်တောင်တာကတော့ ဂျပန်နိင်ငံမှာ ရှိတဲ့ NTT တယ်လီကော်မြူးနီးကေးရှင်း ဖြစ်ကာ ပထမဦးဆုံး ဆယ်လူလာဖုန်းတည်ထွင်တာကတော့ အမေရိကန်နိင်ငံမှာ ရှိတဲ့ Motorola လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး လက်ကိုင် မိုဘိုင်းဖုန်းတွေစပေါ်တဲ့ ခုနှစ်ကတော့ ၁၉၇၃ ပါ။ ဗဟုသုတတွေ တိုးမြင့်ကြပါစေ။

Comments

ခောတ်စားနေသော post များ