Fi-005. "iDevice ကို Jailbreak လုပ်တာ ကောင်းသလား။"
လူတွေရဲ့ အမြင်မှာ idevice ကို
jailbreak လုပ်လိုက်ရင် အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်လို့ ထင်ကြပါတယ်။ အလားတူ
jailbreak မလုပ်ခြင်းကြောင့်လည်း ရရှိနိုင်တဲ့ အကျိုးတရားတွေ လည်းရှိနေပါတယ်။ ဒီတော့
jailbreak လုပ်သင့်-မလုပ်သင့် အောက်မှာဖတ်ကြည့်ရအောင်။
Jailbreaking ဆိုတာဘာလဲ
Jailbreak လုပ်တယ်ဆိုတာ Apple
ကုမ္ဋဏီက iOS လို့ခေါ်တဲ့ operating system နဲ့ run တဲ့ သူ့ထုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ
ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီးတော့ ကိုယ်သုံးချင်တဲ့ လိုင်း၊ ကိုယ်သုံးချင်တဲ့ဆော့ဖ်ဝဲတွေနဲ့
သုံးနိုင်အောင် တရားမဝင် ပြုလုပ်ခြင်းလို့ အကြမ်းဖျင်း အဓိပ္ဋာယ်ဖွင့်ဆိုနိုင်ပါတယ်။
ဥပမာ - နောက်ဆုံးထွက် iPhone
5S လိုမျိုးမှာ jailbreak လုပ်တာတွေ ခေတ် စားတယ်။ တစ်နည်းပြောရရင်တော့ ပိတ်ထားတာတွေကို
ပွင့်သွားအောင် နည်းမျိုးစုံသုံးပြီး၊ သတ်မှတ်ထားတဲ့ ဟာ့ဒ်ဝဲအပေါ်မှာ အခြား ကိုယ်သုံးချင်တဲ့
နာမည်ကြီး ဆော့ဖ်ဝဲနဲ့ application တွေကို သုံးနိုင်အောင် စီစဉ်ခြင်း လို့ ဆိုနိုင်ပါတယ်။
iDevices တွေကို jailbreak လုပ်သင့်တယ်
idevice ပိုင်ဆိုင်သူတွေအနေနဲ့
jailbreak ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စွန့်စားမှုတစ်ခုလို့ ဆိုနိုင်တယ်။
Application တွေ၊ network နဲ့ system တွေကို လမ်းပွင့်သွားပြီး ပြဿနာအတော်များများကို
ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ မိုဘိုင်းဖုန်း အတော်များများဟာ သူတို့ ကိုယ်ပိုင်
share တွေနဲ့သာ အဆင်ပြေကြတာများတယ်။ကိုယ့်ဖုန်းကို ကိုယ့် system အတိုင်း ကန့်သတ်ချက်တွေရှိနေသရွေ့
jailbreaking တွေကခေတ်စားနေမှာပဲ။ ကန့်သတ်ချက်တွေကို မကြိုက်ရင်၊ iPhone အတွက် သတ်မှတ်ပေးထားတဲ့
application တွေကိုပဲ မသုံးချင်ရင်၊ idevice တွေကို လိုတာထက် ပိုသုံးချင်ရင်
jailbreaking လုပ်သင့်တယ်လို့ အကြံပြုကြတယ်။
Jailbreaking လုပ်သင့်တယ်ဆိုတဲ့ အမြင် ၃ ရပ်ရှိတယ်
၁- အခြား Network တွေကိုပါ ရနိုင်တယ်
iPhone သုံးသူတွေမှာ ပြဿနာက အထူးသဖြင့်
iPhone 4 နဲ့ 4S မော်ဒယ်တွေမှာ သတ်မှတ်ထားတဲ့ network ကုမ္ဋဏီတွေရဲ့ လိုင်းခွင် အတွင်းမှာသာ
သုံးနိုင်မယ်ဆိုတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဥပမာ
iPhone တွေ ကို AT&T ကုမ္ဋဏီက လိုင်းသုံးစွဲခွင့် မူပိုင်ယူထားတယ်။ အဲဒီ မူပိုင်ခွင့်ဟာ
၂ဝ၁၂ ခုနှစ် အထိ သက်ရောက်မှုရှိနေလိမ့်ဦးမယ်။ AT&T ကုမ္ဋဏီဟာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာမှာ
ပြဿနာ ပေါင်းစုံရင်ဆိုင်နေရတယ်။ ဖုန်းခေါ်ရင်ပြုတ်ကျတာမျိုး၊ လိုင်းမကောင်း တာမျိုးတွေ
ဖြစ်တတ်လို့ မိုဘိုင်းဖုန်းသုံးသူတွေဟာ AT&T နဲ့မှ သုံးရမယ် ဆိုတဲ့ ဖုန်းတွေကို
ရှောင်တတ်ကြတယ်။ ဒါပေမယ့် iPhone ကိုမှ ကြိုက်တယ်ဆို တဲ့သူတွေကတော့ မလွှဲ မရှောင်သာ
jailbreaking လုပ်တဲ့ ဆော့ဖ်ဝဲတွေကိုပဲ အားကိုးအားထား ပြုကြရတော့တယ်။ iPhone ကို
jailbreak လုပ်တဲ့ ဆော့ဖ်ဝဲဟာ T-Mobile ကုမ္ဋဏီရဲ့ GSM လိုင်းဝန်ဆောင်မှုကို ရရှိအောင်
ပြုလုပ်ပေးနိုင်တယ်။ T-Mobile ကတော့ အမေရိကန် ပြင်ပနိုင်ငံတွေမှာပါ သုံးနိုင်ပြီး လိုင်းခွင်လည်း
ပိုမိတာကြောင့် လူကြိုက်များတယ်။
၂ - Application များများ သုံးနိုင်ခွင့်ရှိတယ်
Apple Store လို့ခေါ်တဲ့ အွန်လိုင်း
application စတိုးမှာ Apple ကထုတ်သမျှ ဆော့ဖ်ဝဲ application တွေကို ရနိုင်တယ်။ အသုံးဝင်တဲ့
ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ရယူနိုင်တယ်။ တကယ်လို့ iPhione 4/ 4S တွေကို jailbreak လုပ်လိုက်ရင်
Apple က ကန့်သတ်ထားတဲ့ application တွေကိုပါ သုံးလို့ရသွားမယ်။ ခွင့်မပြုတာကို သုံးချင်ရင်
တရားဝင်ခွင့်ပြုချက်တွေကို ချိုးဖောက် ရပါတယ်။ ‘ဒါမှလည်း ဂိမ်း အတော်များများကို ကစားနိုင်ပါလိမ့်မယ်။
Jailbreaking application တွေမှာ အကောင်းဆုံးတွေက
- MyWi
MyWi နဲ့ဆိုရင် iPhone ကို မိုဘိုင်း
hotspot တစ်ခုလို သုံးနိုင်တယ်။
- MxTube
YouTube က ဗီဒိယိုဖိုင်တွေကို
download ချယူနိုင်တယ်။ ‘ဒါကြောင့် အင်တာနက်မရရင်လည်း offline မှာ ကြည့်နိုင်တယ်။
- PDANet
လူတိုင်းနဲ့ အင်တာနက်
connection မှာ share လုပ်နိုင်လိမ့်မယ်။
- MY3G
Wi-Fi ရချင်ရင်သုံးနိုင်တယ်။ ခုထိ
တော့ 3G ပဲရသေးတယ်။ YouTube ဗီဒီယိုဖိုင်တွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တယ်။
- Intelliscreen
ဒီ application က ကိုယ့်လုပ်ငန်းအစီအစဉ်နဲ့
အီးမေးလ် account တွေကို ဖုန်းရဲ့ screen ပေါ်မှာ ပေါ်နေအောင် စီစဉ်ထားလို့ရတယ်။
၃ - 3G နဲ့ ဗီဒီယို Chat လုပ်နိုင်
iPhone 4 မှာကတည်းက ထူးခြားတဲ့
FaceTime video chat ဆိုတာပါတယ်။ အဲဒီ chat ကလည်း Wi-Fi network နဲ့မှရတယ်။ 3G
connection နဲ့ FaceTime ကိုသုံးချင်ရင် iPhone 4S ကို jailbreak လုပ်မှရတယ်။ ‘ဒါမှလည်း
iPhone ရဲ့ feature တွေကို 3G နဲ့ ရနိုင်တယ်။ Wi-Fi သုံးတာလောက် မကောင်းဘူးဆိုပေမယ့်
အဆင်တော့ ပြေပါလိမ့် မယ်။ Wi-Fi နဲ့ connection ကျနေရင်လည်း ပြဿနာမရှိတော့ဘူးပေါ့။
ဒါတွေကတော့ jailbreaking လုပ်ရခြင်း အကျိုးတရားတွေလို့ ပြောရမယ်။
နောက်ထပ် အဆိုးတရား သုံးချက်ရှိသေးတယ်။
မလုပ်သင့် ဘူးဆိုတဲ့ အမြင်တွေပေါ့။
၁ - Warranty ပျက်ပြယ်သွားမယ်
Jailbreaking လုပ်တယ်ဆိုတာကို
ဥပဒေကြောင်းနဲ့ညီတယ်၊ တရားဝင်တယ်လို့ ထင်နေကြပါတယ်။ အနည်းဆုံးကတော့ ပေးထားတဲ့ ဝရမ်တီ
ပျက်ပြယ်သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ့် iPhone မှာ ဝရမ်တီမရှိရင် ဖုန်းနဲ့ပတ်သက်ပြီး
ပျက်စီး၊ ချွတ်ယွင်း၊ အခြား ပြဿနာတွေကို
Apple ကုမ္ဋဏီအနေနဲ့ တာဝန်ယူတော့မှာ မဟုတ် ပါဘူး။ ဝရမ်တီဆုံးရှုံးတာမခံချင်ရင်
jailbreaking မလုပ်ပါနဲ့လို့ပဲ တားရတော့မယ်။
၂ - အပိတ်ခံရမယ်
iPhone ကို လုံးဝသုံးမရနိုင်တဲ့
အနေအထား ဖြစ်သွားနိုင်တယ်။ တကယ်လို့ iPhone 4S ပေါ်မှာ ဆော့ဖ်ဝဲ application တွေကို
jailbreak လုပ်ပြီးသုံးမယ်ဆိုရင် အပိတ်ခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရနိုင် တယ် ဆိုတာကို
စိတ်ထဲမှာထားပြီးတော့မှ လုပ်သင့်တယ်။ ‘ဒီလိုဖြစ်သွားရင် သိမ်းထား မှတ်ထားတာတွေ ဆုံးရှုံးပြီး
အသစ်ကနေ ပြန်စရတော့မှာဖြစ်လို့ စဉ်းစားသင့်တယ်။
၃ - လုံခြုံရေးပြဿနာ ဆင်ခြင်စရာ
Jailbreak လုပ်ထားတဲ့ iPhone တွေမှာ
လုံခြုံရေးအတွက် သိပ်စိတ်မချရဘူး။ Jailbreak လုပ်လိုက်ကတည်းက ကိုယ့် iPhone ထဲကို ဟက်ကာတွေက
မဟုတ်တာတွေထည့်ပေးလိုက်ပြီးပြီလို့ အချို့က ယူဆကြတယ်။ ‘ဒါကြောင့် jailbreak လုပ်ပြီးရင်
ဖုန်းက ကိုယ့်ဘက်မှာ သိပ်မရှိတော့ဘူး။ စိတ်မချရတော့ဘူးလို့ ပြောကြတယ်။
Jailbreak ကို လုပ်သင့်တယ်၊ မလုပ်
သင့်ဘူးလို့ အမျိုးမျိုး အငြင်းပွားနေကြတာ ယခုပြောခဲ့တာတွေထက် အများကြီးရှိနိုင်ပါသေးတယ်။
ဘာပြောပြော မလုပ်မီစဉ်းစား ပါလို့ပဲ သတိပေးချင်ပါတယ်။
Comments
Post a Comment