FC-003. Portable Software အသုံးပြုခြင်း၏ ကောင်းကျိုးများ
Computer Technician တော်တော်များများဟာ
Software များကို Portable Version အနေနဲ့ အသုံးပြုလာတာများပါတယ်။ဘာကြောင်လဲဆိုတော့
Portable Software တော်တော်များများကို သုံးခြင်းအားဖြင့် ကျွန်တော်တို့ ကွန်ပျူတာရဲ့
Memory အသုံးပြုမှု Harddisk အသုံးပြုမှုကို လျော့နည်းစေတဲ့အပြင် ကျွန်တော်တို့
Portable အနေနဲ့ ပြုလုပ်ထားတဲ့ Software တွေကို သွားလေရာမှာအလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။
အဓိကအရေးကြီးတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ Software တွေကို Install လုပ်စရာမလိုတာပါပဲ။
Portable Software တွေရဲ့ အခြားအားသာချက်တွေကတော့ သူတို့တွေဟာလည်း Software
installation ဖြစ်ပေမယ့် install လုပ်စရာ အချိန်မလိုပဲနဲ့ Double click နှိပ်လိုက်ယုံနဲ့တင်သုံးလို့ရပါတယ်တယ်။
နောက်တစ်ချက်ကတော့ကျွန်တော်တို့သဘောကျတဲ့ ဆော့ဝဲတွေကို ( နိုင်ငံခြားမှာဆိုရင် ၀ယ်သုံးရတယ်)
ကျွန်တော်တို့ ကွန်ပျူတာထဲမှာ ထည့်ပီးတော့ Install လုပ်ပီးတာနဲ့ Portable Version အဖြစ်သိမ်းထားလို့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာတစ်ခြားကွန်ပျူတာတွေမှာ Software တွေကို Portable Version အနေနဲ့သုံးလျှင် နောက်ထပ်ပိုက်ဆံ ထပ်မပေးရပါဘူး။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့အတွက် အမြဲတမ်းမလိုအပ်တဲ့ ဆော့ဝဲတွေကို တစ်ခနတာ အသုံးပြုဖို့အတွက် install လုပ်လိုက်ခြင်းဖြင့် မလိုအပ်တဲ့application တွေကို Registry ထဲဝင်ရေးခြင်းမှကင်းရှင်းစေပါတယ် ဒါကြောင့်ကျွန်တော်တို့ ကွန်ပျူတာ တွေထဲကို Software install လုပ်စရာမလိုတဲ့အတွက် Registry ကို သန့်ရှင်းစေပါတယ်။ ဒါ့အပြင် တစ်ခြားအရေးကြီးတဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းဖြင့် တခြားမလိုလားအပ်တဲ့ တစ်ခြားသူတစ်ယောက်ဖန်တီးထားတဲ့ Fake Software တွေရန်မှ ကာကွယ်နိုင်ပါတယ်။ ဥပမာ အားဖြင့်တော့ ကျွန်တော်တို့ဟာ တစ်ခြားသူတစ်ယောက်ကွန်ပျူတာမှာ သွားသုံးမယ်ဆို၇င် Portable Software တွေကိုယူသွားဖြင်းဖြင့် - Fake Gtalk account, Firefox Add-on တွေကိုမသုံးပဲ ကိုယ်တိုင်ယုံယုံကြည်ကြည်လုပ်ထားတဲ့ Portable Software နဲ့ အသုံးပြုနိုင်ပါတယ်။နောက်ထပ် မြန်မာနိုင်ငံက အင်တာနက်ဆိုင်တို့လို Domain Login Server ခံထားတဲ့ ကွန်ပျူတာတို့လို Software installation တွေပိတ်ထားတဲ့နေရာမှာ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းအားဖြင့် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

Comments
Post a Comment