FA-014. EMMC ဆိုတာ ဘာလဲ
မိုဘိုင်းလောကမှာ အခုနောက်ပိုင်း
EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို
လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး
EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့
Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး
။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း
Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။ EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့
embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller
ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။ EMMC Chip တွေဟာ
Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ EMMC Chip ထဲမှာ (multimedia card) interface ၊ flash
memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ
Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့်
1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်း
devices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမို များပြားလာမှာဖြစ်ပြီး Android, iPhone နဲ့
Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့ထင်ရပါတယ် ။ ဒီလောက်ဆိုရင်
EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
Comments
Post a Comment