Robert Tappan Morris
သူကတော့ပထမဆုံးသော Internet Worm ကိုရေးသားသူတစ်ယောက်ပါ။မော်ရစ်ဟာ Cornell မှာကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီကျောင်းမှာပဲသူဟာပထမဆုံးသော Internet Worm အတွက် Codes ရေးသားခဲ့တာပါ။အဲဒီတုန်းကသူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်တာနက်ကမ္ဘာဟာ ဘယ်လောက်တောင် ကြီးမား ကျယ်ပြန့်လဲဆိုတာကို သိ့ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ အဲဒီ Worm ကိုရေးသားခဲ့တယ်လို့ဆိုပါတယ်။ မော်ရစ် ရေးသားဖြန့်ချီလိုက်တဲ့ Internet Worm ဟာ
Internet Speed ကို နှေးကွေးစေခဲ့ပြီး System ကိုလည်း မတည်မငြိမ် ဖြစ်စေခဲ့ပါတယ်။ Computer အလုံးရေ ဘယ်လောက်ထိ ပြန့်နှံ့သွားသလဲ ဆိုတာကို တိတိကျကျ မသိ့ခဲ့ပေမဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းမှု အရတော့ System 6000 ပတ်ဝန်းကျင်လောက်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ မော်ရစ် ဟာ 3 နှစ် အကျဉ်းချခံထားခြင်း ခံခဲ့ရပြီး အမေရိကန် ဒေါ်လာ $10,500 ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူဟာ Massachusetts institute of technology, computer science နဲ့ artificial intelligence laboratory တို့မှာ Professor တစ်ယောက်ဖြစ်နေပါပြီ။ မော်ရစ်ဟာ 1986 ခုနှစ် Computer လိမ်လည်လှည့်ဖျားမှု နဲ့ မတရားပြုမှု လုပ်ဆောင်မှုများရဲ့ အောက်မှာ ပထမဆုံး တရားစွဲခံခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
Comments
Post a Comment