FA-008. Android ရဲ့ file System အကြောင်း
Android ဖုန်းတစ်လုံးရဲ့
Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android
Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊
Model တစ်ခုနဲ့ တစ်ခု မတူပါဘူး၊
အထက်က Android Devices တိုင်းမှာတော့ အောက်မှာဖော်ပြထားတဲ့ အလွှာခြောက်မျိုး ပါကိုပါမှာပါ၊
/boot အလွှာ
/system အလွှာ
/recovery အလွှာ
/data အလွှာ
/cache အလွှာ
/misc အလွှာ
boot အလွှာက Boot.im , system အလွှာက
System.img , recovery အလွှာက recovery.img အလွှာတို့က Flash လုပ်လို့ရတဲ့ အလွှာတွေပါ၊
Flash လုပ်ချင်ရင်တော့ bootloader ကို lock ဖွင့်ထားဖို့လိုအပ်ပါတယ်၊ အခြား
/sdcard နဲ့ /sd-ext pratitions တွေလဲရှိပါသေးတယ်၊ /sdcard partition က Android သုံး
ပစ္စည်းတိုင်းမှာ ပါပေမယ့် SD-Ext partition ကတော့ အချို့ ဖုန်းနဲ့ Android သုံး ပစ္စည်းတွေမှာပဲပါပါတယ်၊
boot အလွှာ (/boot)
Boot အလွှာကတော့ သူ့နာမည်အတိုင်း
System Boot လုပ်နိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ kernel နဲ့ ramdisk တို့ပါတယ်၊ ဒီ
Boot အလွှာ မပါရင် ဘယ်ဖုန်းက နိုးလို့ရတော့မှာမဟုတ်ဘူး အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး၊
Recovery အလွှာကနေ ပီး လိုအပ်ရင် Boot အလွှာကို ပြန်ရေးနိုင်ပါတယ်၊လိုအပ်လို့R့ecoveryကနေBootအလွှာကိုပြန်ရေးမယ်ဆိုရင်အသစ်ရေးတာမပီးခင်Bootပြန်လုပ်တာမျိုးမဖြစ်သင့်ပါဘူး၊
System အလွှာ (/system)
System ဆိုတဲ့ နာမည်အတိုင်းပါပဲ
ဒီအလွှာမှာ Android OS (Operation System) တစ်ခုလံးပါပါတယ်၊ ဒီထဲမှာ Android GUI ( Graphic
User Interface ) လို့ ခေါ်တဲ့ အသုံးပြုသူ မြင်နိုင် တွေ့နိုင် interact ( နှိပ်တာတို့
ထိတာတို့ ) လုပ်နိုင်တဲ့ appliactions တွေအားလုံးပါပါတယ်၊ ဒီ အလွှာကို ဖျက်ပစ်ခြင်း
က Adnroid OS တစ်ခုလုံးကို ဖြတ်ပစ်တာဖြစ်ပါတယ်၊ recovery ကနေ ဖြစ်စေ ROM တစ်ခုကို
bootloader ကနေ Install လုပ်ခြင်းဖြစ်စေ OS ပြန်တင်နိုင်ပါတယ်၊
Recovery အလွှာ (/recovery)
ဒီ အလွှာ ကတော့ Backup အတွက် သီးသန့်ထားတာပါ၊
ဖုန်းမှာ တစ်စုံတစ်ခု အမှား လုပ်ပီး တစ်ခုခု အကြီး အကျယ် ပျက်စီးသွားခဲ့ရင်
Recovery ပြန်လုပ်ခြင်းဖြင့် Android System ကို ပြန်ပီး ပြုပြင်ပေးပါလိမ့်မယ်၊
Recovery အလွှာကို Boot အလွှာလို System restore လုပ်နိုင်တဲ့ အလွှာဖြစ်တဲ့ အတွက် သူကို
Alternative Boot လို့လဲ လူသိများတယ်၊ Recovery လုပ်ရင် recovery console ကနေ
Phone က Boot လုပ်စေပီး System ပြုပြင်ခြင်း ကိုလုပ်ပါလိမ့်မယ်၊
data အလွှာ (/data)
data အလွှာမှာ userdata တွေ ဖြစ်တဲ့
contacts , sms, setting နဲ့ applications တွေအားလုံးကိုသိုလှောင်ထားတယ်၊ factory
reset ပြန်ချရင် ဒီ data အလွှာ ထဲက တန်ဖိုးတွေအားလုံး ဖျက်ပစ်ပါလိမ့်မယ်၊ ဒါဆိုရင်တော့
ဖုန်းဝယ်တုန်း က အခြေအနေကို ပြန်ရောက်သွားပါလိမ့်မယ်၊ ဒါမှမဟုတ်ရင် Android ဖုန်းတစ်လုံးရဲ့
Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android
Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊ (Post တိုင်းမှာ Android ဖုန်း လို့ခြည်း ပြောနေပေမယ့်
အခြား Android သုံးပစ္စည်း (Devices) တွေကိုလဲ ရည်ညွန်းပါတယ်၊
cache အလွှာ (/cache)
cache အလွှာ ကတော့ အားလုံး သိထားပီးသားဖြစ်တဲ့တိုင်း
အသုံးပြုတာများတဲ့ data တွေနဲ့ application Components တွေကို သိုလှောင်တဲ့ နေရာပါ၊
cache ကိုဖြတ်လိုက်ရင်တော့ မှတ်ထားတဲ့ မှတ်သားမှူတွေကိုဖြတ်ပစ်မှာ ဖြစ်ပါတယ်၊
applications တွေကိုဖြတ်တာ မဟုတ်ဘူးဆိုတာတော့ သဘောပေါက်သင့်ပါတယ်၊ အကယ်၍ cache ထဲက
မှတ်ထားသမျှ ကိုဖြတ် ပစ်ရင်တောင် ဖြတ်ပီးနောက်ပိုင်း ပြန်သုံးရင် သုံးသမျှကို ပြန်မှတ်နေဦးမှာပါ၊
misc အလွှာ (/misc)
ဒီ Partition ထဲမှာတော့ ဖုန်း
ရဲ့ System Setting တွေအားလုံးကို ဖုန်းအသုံးပြုသူ ပြုပြင်ပြောင်းလဲ ထားတဲ့ အတိုင်း
သိမ်းပေးထားပါတယ်၊ ဒီ အလွှာ မှာ CID (Carrier / Region ID) setting တို့ USB
configuration တို့ ကို Setting ပြောင်းထားတာပါပါတယ် အခြား System Setting တွေအားလုံးကို
လဲ ဒီနေရာမှာ မှတ်သားသိမ်းစည်းပါတယ်၊ Custom ROM ထည့်ထားတုန်းက အခြေအနေကို ပြန်ရောက်သွားမယ်ပေါ့
( Custom ROM install လုပ်ထားခဲ့ရင်ပြောပါတယ်)
Comments
Post a Comment